Sunday, September 30, 2012
I miss you everytime (လွမ်းမိတယ် ချစ်သူရယ်--)
လွမ်းတယ်--
တခါတုန်းက  ချစ်သူနှစ်ဦး-
အထက်တန်းကျောင်းမှာ ပျော်ရွှင်ကြည်နူးလို့
တက္ကသိုလ်တက်လို့ ပြောကြစဉ်
ကောင်မလေးက ပျော်ပျော်ပင်-
ကောင်းကလေးတွင် ခေါင်းငိုက်ချ
သူမတက်နိုင်မှန်း တိတိကျ--။
ဒီလိုနဲ့ပင်--ချစ်သူနှစ်ဦး
တက္ကသိုလ်ကြောင့်  နှစ်ယောက်လုံးရူး
တက်နိုင်သူက မတက်ချင်
ချစ်သူနဲ့ ခွဲရမှာ မနေချင်
မတက်နိုင်သူမှာ မသက်သာ
တက်ချင်သော်လည်း ငွေကြောင့်ပါ--
အဲလိုနဲ့ပဲ--သူတို့နှစ်ဦး ခွဲသွားရ
တက္ကသိုလ်ဘ၀ ရောက်သူမှာ
ချိန်တွေကြာတော့ စိတ်ပြောင်းလာ
ချစ်သူကိုလဲ မေ့ပျောက်ရှာ
ကောင်လေးမှာတော့ ---လွမ်းမိလို့ 
တက္ကသိုလ် ကျောင်းအထိတောင် သူလိုက်လို့
 ကောင်မလေးက ခေါ်ဖို့နေနေသာ
မသိဘူးလို့ ပြောလိုက်ရှာ
ကောင်လေးကိုလဲ နှင်ထုတ်လို့
ယောင်္ကျားမာနမို့ ကောင်လေးဟာ
အံခဲထားလို့ ပြန်လာရှာ
နောင်တစ်ချိန်မှာ  သူဌေးလေး---
သူဌေးဖြစ်လဲ  လွမ်းနေတာ
ချစ်သူစကားကြောင့် ပိန်ချုံးလာ
နာရှည်ရောဂါ သူခံစား
ချစ်သူသိအောင် မပြောကြား--။
လွမ်းဖန်များတော့---သူဘာဖြစ်
သေပွဲဝင်လို့  ဘ၀ပစ်
အဲအဖြစ်ကြောင့် ကောင်မလေး
သူ့ချစ်သူအကြောင်း  သူပြန်တွေး--
တွေးလေ ဆွေးလေ  ငိုကြွေးလေ
 သူ့မျက်ရည်သည် ပင်လယ်ဖြစ်
ချစ်သူအချစ် ပြန်လိုယူ
အမြဲတမ်း ပြောမဲ့---
I miss you---.
 ခွန်ဗိုထီ( တာချီလိတ်)
၃၀။၉။၂၀၁၂ ( sun-6;11 hours )
Saturday, September 29, 2012
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ
<div class="fb-like-box" data-href="http://www.facebook.com/bwaykhuukhun" data-width="292" data-height="130" data-show-faces="true" data-border-color="blue" data-stream="true" data-header="true"></div>
မောင် (စွယ်စုံကျမ်း): Gtalk ကို အလန်းဒီဇိုင်းလေးနဲ့  သုံးကြည့်ချင်ရင် နေ...
မောင် (စွယ်စုံကျမ်း): Gtalk ကို အလန်းဒီဇိုင်းလေးနဲ့  သုံးကြည့်ချင်ရင် နေ...: ဒီနည်းလေးကတော့ Gtalk မှာ နောက်ခံပုံကို ပြောင်းချင်တဲ့သူတွေ အတွက် မျှဝေ တာပါ သူငယ်ချင်းတစ်ယောက်က သုံးချင်နေတာနဲ့  ပြောင်းကြည့်တာပါ လိုချင်...
မောင် (စွယ်စုံကျမ်း): Gmail ကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါ ပြုလုပ်နည်းအဆင်...
မောင် (စွယ်စုံကျမ်း): Gmail ကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါ ပြုလုပ်နည်းအဆင်...: Gmailကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါမှာ ပုံမှန်အတိုင်းဆို ပို့ လို့ မရပါဘူး အဲ့ကြောင့် ဆော့ဝဲတွေပို့ ချင်တဲ့အခါမှာ File extensions ကိုပြောင်...
Friday, September 7, 2012
လွမ်းခွင့်
တူလက်တွဲ ခဲ့တဲ့ ချစ်သူ--
တူစောင့်စားခဲ့တဲ့ ချစ်သူ--ကိုယ့်ရဲ့အနားမှာ အမြဲရှိသူ---ရေစုန်
လမ်းတ၀က် အရောက်မှာ--
ထားခဲ့တော့မလားလေ--
သီချင်း
ထာဗေင်းမင်း( ပအိုဝ်းသီချင်း)
http://api.ning.com/files/mCTi*ZbUUd2-8raFqoY23uqSGtkimr-gVDa2*Nxefy2ZKam39wkGikaHICzw*-CyfhyF837AAQpLJxJe9yzmH-OzqsSnavM2/dream.swfhttp://api.ning.com/files/mCTi*ZbUUd2-8raFqoY23uqSGtkimr-gVDa2*Nxefy2ZKam39wkGikaHICzw*-CyfhyF837AAQpLJxJe9yzmH-OzqsSnavM2/dream.swf
ဘယ်တော့မှမမေ့--
http://api.ning.com/files/0T4GXplgk7Sycy**MfqstcR3SNYl-HR3jzE14IABuuC2ryeWposFQInN*xaRHSjszwVovNf7G7HFEmR8QNj3Oc9GGYI52l1J/baltatmarmamay.swf
 http://roseayemaung.blogspot.com/2012/09/rose-rose.html
လမ်းခွဲ
http://api.ning.com/files/1nGisdBlcZbXiY5NLXZlnSbds5pE8s-ZY3VFLv1*IMZJyXFpKo6uG*zfpd5obX72yB7P8P-3NNroeAhQ9WahEf6BDGNyRI3T/Lankhuai.swf
မင်းကို လွမ်းတယ်--(အရမ်းလွမ်းတယ်)
 မိုးရွာတိုင်း မင်းကိုလွမ်းတယ်--
လမ်းဟောင်းလေး ဖြတ်လျှောက်တိုင်း မင်းကိုလွမ်းတယ်--
နေရာဟောင်းရောက်တိုင်း မင်းကိုလွမ်းတယ်--
မိုးနှောင်းလို့ ဆောင်းရောက်တိုင်း  မင်းကိုလွမ်းတယ်--
ဆောင်းနှင်းဖြူဖြူလေး မြင်တိုင်း မင်းကိုလွမ်းတယ်--
ဆောင်းပန်းပွင့်တွေမြင်တိုင်း  မင်းကိုလွမ်းတယ်--
ဆောင်းကုန်လို့ နွေဦးရောက်တိုင်း  မင်းကိုလွမ်းတယ်--
နွေဦး အင်ကြင်းပန်းမြင်တိုင်း  မင်းကိုလွမ်းတယ်--
နွေလမှာ အသဲကြွေသလို--နွေလရောက်တိုင်း  မင်းကိုလွမ်းတယ်--
ငါလေ---အလွမ်းဓါတ်ခံရှိလို့လားမသိဘူး--
အရာရာကို မြင်တိုင်း  မင်းကိုလွမ်းတယ်--
မင်းကို  လွမ်းရင်း---လွမ်းရင်း--နဲ့
နောက်ဆုံးမှာ--ငါသေသွားနိုင်တယ်--
ဒါပေမဲ့---ငါလွမ်းနေတာကို မင်းမသိ
မင်းတော့  တစ်ယောက်ယောက်နဲ့ညှိလို့  --
ပျော်နေမှန်း ငါသိလိုက်ရတဲ့ အချိန်မှာ
ငါ့စိတ်တွေ ကယောင်ချောက်ခြားလို့--
ငါ့အတွက် ပျော်စရာ မရှိတော့ဘူးလား ?
လောကကြီး အပြင်ဘက်ကို  ထွက်သွားချင်တယ်--
မင်းနဲ့  အဝေးဆုံးကိုပေါ့--
                 ခွန်အင်အား(တာချီလိတ်)
                       နောင်ခမ်းအောင်ဆုပန်ပရဟိတကျောင်း
Thursday, September 6, 2012
ချစ်သူရဲ့ လိပ်စာ--
ချစ်သူ--address
ချစ်သူရဲ့ ချစ် လိပ်စာက
တကယ်တော့ ရှာရတာ မခက်ပါဘူး--
'' သူငယ်ချင်း  ''ဆိုသူကို မိတ်ဆက်
၅၂၈ မေတ္တာနဲ့ ဆက်သွယ်
၅၂၈ လမ်းသွယ် ကြားက  အိမ်နံပါတ် ၁၅၀၀ 
အဖြူရောင် ရပ်ကွက်
ချစ်သူနန်းတော်
အချစ်မြို့
တူနှစ်ကိုယ်တိုင်းပြည်။
ထိုနည်း အတိုင်းသာ ရှာလိုက်ရင်--
ရက်မကူးပဲ--အချစ်မိုးတွေ
အနမ်းပွင့်လေးတွေ--
ဝေဆာနေမယ်--ချစ်သူ--
ခွန်ဗိုထီ(သရက်ပင်လှ)
၇ ၊ ၉၊ ၂၀၁၂
အရိပ်စစ်
အရိပ်စစ်--(မိဘအရိပ်)
နေပူထဲမှာမှာ  အရိပ်ရှာ---
-ငြိမ်းချမ်းလှပေတာ
အရိပ်မပါနေပူ၏--
သမီးတွေးကြည့် ၊ သားတွေးကြည့်--။
သားသားမီးမီး  အရိပ်ရှာ--
-မိရိပ်ဖရိပ်ပါ
ထိုအရိပ်ဟာ အေးချမ်း၏။
သမီးပျော်၏၊ သားပျော်၏။
ခွန်ဗိုထီ( တာချီလိတ်)
၇၊၉၊၂၀၁၂
အရှိကို အရှိတိုင်း နေပါရစေ--
သူငယ်ချင်း---
ငါ့ကို မထေရ်ကြီးလို့ မခေါ်ပါနဲ့ --
-မထေရ်ကြီးအဖြစ် ဟန်ဆောင်ရတာ မောတယ်---
ငါ့ကို ပညာတတ်လို့ မခေါ်ပါနဲ့--
-ပညာတတ်အဖြစ် ဟန်ဆောင်ရတာ မောတယ်--
ငါ့ကို သူဌေးသားလို့ မခေါ်ပါနဲ့--
- သူဌေးသားအဖြစ် ဟန်ဆောင်ရတာမောတယ်--
ငါ့ကို  အလှဘုရင်လို့ မခေါ်ပါနဲ့--
-အလှဘုရင်အဖြစ် ဟန်ဆောင်ရတာမောတယ်--
ငါ့ကို ဆရာကြီးလို့ မခေါ်ပါနဲ့---
-ဆရာကြီးအဖြစ်  ဟန်ဆောင်ရတာမောတယ်--
ငါ့ကို အပြုံးပိုင်ရှင်လို့ မခေါ်လိုက်ပါနဲ့--
-အပြုံးပိုင်ရှင်အဖြစ် ဟန်ဆောင်ရတာ မောတယ်--
င့ါကို  အမြော်အမြင်ကြီးတယ်လို့ မခေါ်လိုက်ပါနဲ့--
-အမြော်အမြင်ကြီးတဲ့လူအဖြစ် ဟန်ဆောင်ရတာ မောတယ်--
ငါ့ကို  အချစ်မရှိဘူးလို့  မခေါ်လိုက်ပါနဲ့--
-အချစ်မရှိတဲ့လူ အဖြစ် ဟန်ဆောင်ရတာ မောတယ်--
ငါ့ကို  မသေနိုင်တဲ့ ပုဂ္ဂိုလ်လို့ မခေါ်လိုက်ပါနဲ့--
-မသေနိုင်တဲ့ ပုဂ္ဂိုလ်အဖြစ်  ဟန်ဆောင်ရတာ မောတယ်--
ငါ့ကို အရာရာမှာ ပြီးပြည့်စုံတဲ့ လူလို့  မခေါ်လိုက်ပါနဲ့--
-အရာရာ ပြီးပြည့်စုံတဲ့ လူအဖြစ် ဟန်ဆောင်ရတာ ---မောလွန်းလှတယ်--။
တကယ်ပါ--မောတယ်--မောတယ်---မောတယ်--
စာရေးဆရာလို့ ခေါ်နေကြလို့   စာရေးရင်းမောသွားတယ်--
ဟိဟိ--
(ခွန်ဗိုထီ---တာချီလိတ်)
၇၊၉၊၂၀၁၂
Wednesday, September 5, 2012
နင်ကြောင့်ပါ--
နင်သိရဲ့လား---?
  • ငါစိတ်မကောင်း ၀မ်းနည်းတဲ့ အချိန်တွေမှာ
ငါ့နံဘေးမှာ ရှိနေစေချင်တာ---နင်ပါ။
  • ငါစိတ်ဆိုး စိတ်တိုနေတဲ့ အချိန်မှာ
  • ငါ့ဒေါသကို ဖျောင်းဖျပေးနိုင်တာ---နင်ပါ။
  • ငါပျော်ရွှင်နေတဲ့ အချိန်မှာ 
  • ငါပျော်ရွှင်မှုတွေကို မျှဝေခံစားစေချင်တာ--နင်ပါ။
  • ငါဖျားနာနေတဲ့ အချိန်တွေမှာ
  • ငါ့ကို စောင့်ရှောက်ပေးမယ့်သူ ဖြစ်စေချင်တာ--နင်ပါ။
  • ငါစိတ်ကူးယဉ်နေတဲ့ အချိန်တွေမှာ 
  • ငါ့စိတ်ကူးထဲ လွမ်းမိုးနေတာ--နင်ပါ။
  • ငါ့ဘ၀ရဲ့  နောင်အနာဂတ်အချိန်တွေမှာ
  • ငါ့ငါ့အနား အချိန်ပြည့် ရှိနေစေချင်တာ ---နင်ပါ။
ကစ်ကစ်(တာချီလိတ်)
စွန်ကလေး----
စွန်ကလေးက ကောင်းကင်ထဲမှာ ၀ဲပျံ--
တိမ်လွှာတွေ အောက်မှာကျန်--
နေမင်းကြီးကို နှုတ်ဆက်
ငှက်ကလေးတွေနဲ့ ပေါင်းဖက်
ငါသည်သာ  အလှဆုံး--
ငါသည်သာ အမြင့်ဆုံး--
အော်---ဒါပေမဲ့လဲ
ငါ့ကို အမြဲတမ်း တွန်းကန် ဆန့်ကျင်နေတဲ့ ''လေ''
ငါ့ကို ကြည့်ရှု စောင့်ရှောက်နေတဲ့--
မြေပြင်ပေါ်က  ငါ့ရဲ့ ''အရှင်သခင်'' သာ
မရှိခဲ့ရင်--
ငါဘယ်လိုလုပ်  ဒီနေရာ ရောက်နိုင်မှာလဲ--
''ကျွန်တော့မှာ  ရှိခဲ့တဲ့ ပြသ်သနာများ
ကျွန်တော့မှာ ရှိခဲ့တဲ့  မိဘ ဆရာသမားများ  အားလုံး--''
ကျွန်တော် ဘယ်နေရာ ရောက်ရောက်
ဘယ်နေရာသွားသွား  အမြဲတမ်း  သတိရနေမှာပါ--
kbtmmk@gmail.com(တာချီလိတ်)
သီချင်းကောင်းလေး
ပုံလှလှလေးထည့်ကြည့်ရအောင်
အဖရိကမှာ ဗုဒ္ဒဘာသာ
သူငယ်ချင်းမလေးများ---
သတိရခြင်းနှင့်အတူ--