Saturday, October 6, 2012
လွင်မင်းဗိုလ်(နည်းပညာ): Gtalk မှာ မြန်မာစာမပေါ်ခြင်း ပြဿနာ ဖြေရှင်းနည်း
လွင်မင်းဗိုလ်(နည်းပညာ): Gtalk မှာ မြန်မာစာမပေါ်ခြင်း ပြဿနာ ဖြေရှင်းနည်း: ဒီနည်းလေးကတော့ ဆိုဒ်တော်တော်များမှာ တင်ထားပြီးသားပါ..။ ဒါပေမယ့်လည်း ကျနော်က ကောင်းတဲ့နည်းလေးတွေအပြင် နောက်ထပ်ကောင်းတာလေးတွေပါ ထပ်ဖြည့်ပြထား...
Wednesday, October 3, 2012
မြန်မာ့သတင်းများစုစည်းရာ: New Folderကို coding ရေးပြီးဆောက်ရအောင်
မြန်မာ့သတင်းများစုစည်းရာ: New Folderကို coding ရေးပြီးဆောက်ရအောင်: ဒါကတော့ Desktop ပေါ်မှာ Folder ဆောက်ရင် right click>>New >>folder ဆိုပြီးဆောက်တာကိုလူတိုင်းသိပြီးသားနေမှာပါ။ အခုကအဲလိုမဟုတ်တော့ဘူး။
မြန်မာ့သတင်းများစုစည်းရာ: New Folderကို coding ရေးပြီးဆောက်ရအောင်
မြန်မာ့သတင်းများစုစည်းရာ: New Folderကို coding ရေးပြီးဆောက်ရအောင်: ဒါကတော့ Desktop ပေါ်မှာ Folder ဆောက်ရင် right click>>New >>folder ဆိုပြီးဆောက်တာကိုလူတိုင်းသိပြီးသားနေမှာပါ။ အခုကအဲလိုမဟုတ်တော့ဘူး။
မြန်မာ့သတင်းများစုစည်းရာ: Laptop ပျက်နေပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ
မြန်မာ့သတင်းများစုစည်းရာ: Laptop ပျက်နေပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ: အခုပြောပြမယ့် အကြောင်းအရာလေးကတော့ ပျက်နေတဲ့ Laptop တွေကို ဘယ်လို Troubleshoot လုပ်ရမလဲ၊ Problem တွေ ဘယ်လိုရှာကြမလဲဆိုတဲ့ အကြောင်းအရာလေးပါ...
မြန်မာ့သတင်းများစုစည်းရာ: မိမိကွန်ပျုတာကိုမြန်အောင်ပြုလုပ်ခြင်းတဲ့သူများအတွက...
မြန်မာ့သတင်းများစုစည်းရာ: မိမိကွန်ပျုတာကိုမြန်အောင်ပြုလုပ်ခြင်းတဲ့သူများအတွက...: အခု software လေးကတော့ AVG မှထုတ်လိုက်တဲ့ PC Tuneup SOFTWARE လေးပါ။ မိမိကွန်ပျုတာကို မြန်ဆန်စေဖို့နဲ error များကင်းစေဖို့ AVG PC Tuneup Pr...
မြန်မာ့သတင်းများစုစည်းရာ: မျက်နှာသီးသန့်ဖြုတ်ညှပ်ကပ်လုပ်လိုရတဲ့ Face Off Max...
မြန်မာ့သတင်းများစုစည်းရာ: မျက်နှာသီးသန့်ဖြုတ်ညှပ်ကပ်လုပ်လိုရတဲ့ Face Off Max...: အရင်ကလည်းတင်ပေးဖူးပါတယ်။အခု update အသစ်ထွက်လိုတင်ပေးလိုက်ပါတယ်။ မျက်နှာပဲသီးသန့်ဖြတ်ညှပ်ကပ်လုပ်လိုရပါတယ်။
မြန်မာ့သတင်းများစုစည်းရာ: နှစ်ယောက်တစ်မျက်နှာ
မြန်မာ့သတင်းများစုစည်းရာ: နှစ်ယောက်တစ်မျက်နှာ: Shweo.com နှစ်ယောက်တစ်မျက်နှာ သူထူးစံ ,ေ အးမြတ်သူ,
မြန်မာ့သတင်းများစုစည်းရာ: Samsung က Apple ကို ထပ်မံ တရားစွဲ
မြန်မာ့သတင်းများစုစည်းရာ: Samsung က Apple ကို ထပ်မံ တရားစွဲ: စက်တင်ဘာ ၂။ ။Samsung မှ Apple ကို တရားဝင် တရားစွဲဆိုမှု စတင်ပြုလုပ်လိုက်ပြီလို့ သိရပါတယ်။ စွဲဆိုချက်မှာ Apple ထုတ် iPhone 5 ကိုအဓိက Targ...
မြန်မာ့သတင်းများစုစည်းရာ: ဘင်္ဂလားဒေ့ရှ်နေ ဗုဒ္ဓဘာသာဝင်တွေ လုံခြုံရေး ထိုင်းသံဃ...
မြန်မာ့သတင်းများစုစည်းရာ: ဘင်္ဂလားဒေ့ရှ်နေ ဗုဒ္ဓဘာသာဝင်တွေ လုံခြုံရေး ထိုင်းသံဃ...: ထိုင်းနိုင်ငံမှာသီတင်းသုံးတဲ့ သံဃာတော် အပါး တစ်ရာလောက် ဒီကနေ့ပဲ ဘန်ကောက်မြို့တော်က ကုလ သမဂ္ဂသံရုံးရှေ့ စုရုံးပြီးတော့ ဘင်္ဂလားဒေ့ရှ်က ဘာသာရေ...
မြန်မာ့သတင်းများစုစည်းရာ: တစ်နေ့လျင် လ္ဘက်ရည် ၇ ခွက်နှင့်အထက် သောက်ပါက ဆီးကျိ...
မြန်မာ့သတင်းများစုစည်းရာ: တစ်နေ့လျင် လ္ဘက်ရည် ၇ ခွက်နှင့်အထက် သောက်ပါက ဆီးကျိ...: လ္ဘက်ရည် အသောက်များသူများသည် ဆီကျိတ်ကင်ဆာဖြစ်ရန် အလား အလာ ပိုများသည်ဟု သုတေသီများက လေ့လာ တွေ့ရှိခဲ့ကြသည်။ တစ်နေ့လျင် လ္ဘက်ရည် ၇ ခွက်နှင့်အထ...
မြန်မာ့သတင်းများစုစည်းရာ: Facebook မှပုံဟုတက်လာ တတ်သော Virus လင့်အကြောင်း (အ...
မြန်မာ့သတင်းများစုစည်းရာ: Facebook မှပုံဟုတက်လာ တတ်သော Virus လင့်အကြောင်း (အ...: မင်္ဂလာပါ မည်သူမဆို ကူးယူလက်ဆင့်ကမ်းနိုင်သည် ။ ကျွန်တော်တို့ ပညာရှင်တွေ မဟုတ်ကျပေမယ့် သိသင့်တဲ့အခါ အမှန်တစ်ကယ် သတိထားမိတဲ့အခါ မျိုးမှာ တတ...
မြန်မာ့သတင်းများစုစည်းရာ: Wifi Password သိမ်းထားနည်း(Using Wifi Passwords)
မြန်မာ့သတင်းများစုစည်းရာ: Wifi Password သိမ်းထားနည်း(Using Wifi Passwords): Password hack နည်းမဟုတ်ပါ။ စက်မှာ ချိတ်ခဲ့သမျှ Wifi Passwords တွေကို ကြည့်နည်း။ သိမ်းနည်းသာ ဖြစ်ပါတယ်။ တစ်ချို့ဆိုင်တွေမှာ အင်တာနက်သုံးတ...
မြန်မာ့သတင်းများစုစည်းရာ: ချစ်ခြင်း၏ အစွန်းတဖက်၌
မြန်မာ့သတင်းများစုစည်းရာ: ချစ်ခြင်း၏ အစွန်းတဖက်၌: Shweo.com ချစ်ခြ င်း၏ အစွန်းတဖက်၌ ပြေတီဦး, ထွန်းအိန္ဒြာဗို ,
မြန်မာ့သတင်းများစုစည်းရာ: မြတ်စွာဘုရားရှင်၏ ဝဋ်တော်(၁၂)ပါးအကြောင်း
မြန်မာ့သတင်းများစုစည်းရာ: မြတ်စွာဘုရားရှင်၏ ဝဋ်တော်(၁၂)ပါးအကြောင်း: မြတ်စွာဘုရားရှင်၏ ဝဋ်တော်(၁၂)ပါးအကြောင်း "ဘုရား၏ ဆွေမျိုးတော်တွေကို လာ၍သတ်တော်မှူမည်ဟု သိတော်မှူသောကြောင့် မြို့အဝင်၌ သတင်းသုံးတော်မှူနေပုံ"...
Sunday, September 30, 2012
I miss you everytime (လွမ်းမိတယ် ချစ်သူရယ်--)
လွမ်းတယ်--
တခါတုန်းက ချစ်သူနှစ်ဦး-
အထက်တန်းကျောင်းမှာ ပျော်ရွှင်ကြည်နူးလို့
တက္ကသိုလ်တက်လို့ ပြောကြစဉ်
ကောင်မလေးက ပျော်ပျော်ပင်-
ကောင်းကလေးတွင် ခေါင်းငိုက်ချ
သူမတက်နိုင်မှန်း တိတိကျ--။
ဒီလိုနဲ့ပင်--ချစ်သူနှစ်ဦး
တက္ကသိုလ်ကြောင့် နှစ်ယောက်လုံးရူး
တက်နိုင်သူက မတက်ချင်
ချစ်သူနဲ့ ခွဲရမှာ မနေချင်
မတက်နိုင်သူမှာ မသက်သာ
တက်ချင်သော်လည်း ငွေကြောင့်ပါ--
မဖြစ်နိုင်ရှာ သူ့ဘဝ
အဲလိုနဲ့ပဲ--သူတို့နှစ်ဦး ခွဲသွားရ
တက္ကသိုလ်ဘ၀ ရောက်သူမှာ
ချိန်တွေကြာတော့ စိတ်ပြောင်းလာ
ချစ်သူကိုလဲ မေ့ပျောက်ရှာ
ကောင်လေးမှာတော့ ---လွမ်းမိလို့
တက္ကသိုလ် ကျောင်းအထိတောင် သူလိုက်လို့
ကောင်မလေးက ခေါ်ဖို့နေနေသာ
မသိဘူးလို့ ပြောလိုက်ရှာ
ကောင်လေးကိုလဲ နှင်ထုတ်လို့
ယောင်္ကျားမာနမို့ ကောင်လေးဟာ
အံခဲထားလို့ ပြန်လာရှာ
နောင်တစ်ချိန်မှာ သူဌေးလေး---
သူဌေးဖြစ်လဲ လွမ်းနေတာ
ချစ်သူစကားကြောင့် ပိန်ချုံးလာ
နာရှည်ရောဂါ သူခံစား
ချစ်သူသိအောင် မပြောကြား--။
လွမ်းဖန်များတော့---သူဘာဖြစ်
သေပွဲဝင်လို့ ဘ၀ပစ်
အဲအဖြစ်ကြောင့် ကောင်မလေး
သူ့ချစ်သူအကြောင်း သူပြန်တွေး--
တွေးလေ ဆွေးလေ ငိုကြွေးလေ
သူ့မျက်ရည်သည် ပင်လယ်ဖြစ်
ချစ်သူအချစ် ပြန်လိုယူ
အမြဲတမ်း ပြောမဲ့---
I miss you---.
ခွန်ဗိုထီ( တာချီလိတ်)
၃၀။၉။၂၀၁၂ ( sun-6;11 hours )
Saturday, September 29, 2012
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရန်မရှိ
<div
class="fb-like-box"
data-href="http://www.facebook.com/bwaykhuukhun"
data-width="292" data-height="130"
data-show-faces="true" data-border-color="blue"
data-stream="true" data-header="true"></div>
မောင် (စွယ်စုံကျမ်း): Gtalk ကို အလန်းဒီဇိုင်းလေးနဲ့  သုံးကြည့်ချင်ရင် နေ...
မောင် (စွယ်စုံကျမ်း): Gtalk ကို အလန်းဒီဇိုင်းလေးနဲ့  သုံးကြည့်ချင်ရင် နေ...: ဒီနည်းလေးကတော့ Gtalk မှာ နောက်ခံပုံကို ပြောင်းချင်တဲ့သူတွေ အတွက် မျှဝေ တာပါ သူငယ်ချင်းတစ်ယောက်က သုံးချင်နေတာနဲ့  ပြောင်းကြည့်တာပါ လိုချင်...
မောင် (စွယ်စုံကျမ်း): Gmail ကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါ ပြုလုပ်နည်းအဆင်...
မောင် (စွယ်စုံကျမ်း): Gmail ကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါ ပြုလုပ်နည်းအဆင်...: Gmailကနေ ဆော့ဝဲတွေပို့ ချင်တဲ့အခါမှာ ပုံမှန်အတိုင်းဆို ပို့ လို့ မရပါဘူး အဲ့ကြောင့် ဆော့ဝဲတွေပို့ ချင်တဲ့အခါမှာ File extensions ကိုပြောင်...
Friday, September 28, 2012
Friday, September 7, 2012
လွမ်းခွင့်
တူလက်တွဲ ခဲ့တဲ့ ချစ်သူ--
တူစောင့်စားခဲ့တဲ့ ချစ်သူ--ကိုယ့်ရဲ့အနားမှာ အမြဲရှိသူ---ရေစုန်
လမ်းတ၀က် အရောက်မှာ--
ထားခဲ့တော့မလားလေ--
တူစောင့်စားခဲ့တဲ့ ချစ်သူ--ကိုယ့်ရဲ့အနားမှာ အမြဲရှိသူ---ရေစုန်
လမ်းတ၀က် အရောက်မှာ--
ထားခဲ့တော့မလားလေ--
ဘယ်တော့မှမမေ့--
http://api.ning.com/files/0T4GXplgk7Sycy**MfqstcR3SNYl-HR3jzE14IABuuC2ryeWposFQInN*xaRHSjszwVovNf7G7HFEmR8QNj3Oc9GGYI52l1J/baltatmarmamay.swf
http://roseayemaung.blogspot.com/2012/09/rose-rose.html
http://roseayemaung.blogspot.com/2012/09/rose-rose.html
မင်းကို လွမ်းတယ်--(အရမ်းလွမ်းတယ်)
မိုးရွာတိုင်း မင်းကိုလွမ်းတယ်--
လမ်းဟောင်းလေး ဖြတ်လျှောက်တိုင်း မင်းကိုလွမ်းတယ်--
နေရာဟောင်းရောက်တိုင်း မင်းကိုလွမ်းတယ်--
မိုးနှောင်းလို့ ဆောင်းရောက်တိုင်း မင်းကိုလွမ်းတယ်--
ဆောင်းနှင်းဖြူဖြူလေး မြင်တိုင်း မင်းကိုလွမ်းတယ်--
ဆောင်းပန်းပွင့်တွေမြင်တိုင်း မင်းကိုလွမ်းတယ်--
ဆောင်းကုန်လို့ နွေဦးရောက်တိုင်း မင်းကိုလွမ်းတယ်--
နွေဦး အင်ကြင်းပန်းမြင်တိုင်း မင်းကိုလွမ်းတယ်--
နွေလမှာ အသဲကြွေသလို--နွေလရောက်တိုင်း မင်းကိုလွမ်းတယ်--
ငါလေ---အလွမ်းဓါတ်ခံရှိလို့လားမသိဘူး--
အရာရာကို မြင်တိုင်း မင်းကိုလွမ်းတယ်--
မင်းကို လွမ်းရင်း---လွမ်းရင်း--နဲ့
နောက်ဆုံးမှာ--ငါသေသွားနိုင်တယ်--
ဒါပေမဲ့---ငါလွမ်းနေတာကို မင်းမသိ
မင်းတော့ တစ်ယောက်ယောက်နဲ့ညှိလို့ --
ပျော်နေမှန်း ငါသိလိုက်ရတဲ့ အချိန်မှာ
ငါ့စိတ်တွေ ကယောင်ချောက်ခြားလို့--
ငါ့အတွက် ပျော်စရာ မရှိတော့ဘူးလား ?
လောကကြီး အပြင်ဘက်ကို ထွက်သွားချင်တယ်--
မင်းနဲ့ အဝေးဆုံးကိုပေါ့--
ခွန်အင်အား(တာချီလိတ်)
နောင်ခမ်းအောင်ဆုပန်ပရဟိတကျောင်း
လမ်းဟောင်းလေး ဖြတ်လျှောက်တိုင်း မင်းကိုလွမ်းတယ်--
နေရာဟောင်းရောက်တိုင်း မင်းကိုလွမ်းတယ်--
မိုးနှောင်းလို့ ဆောင်းရောက်တိုင်း မင်းကိုလွမ်းတယ်--
ဆောင်းနှင်းဖြူဖြူလေး မြင်တိုင်း မင်းကိုလွမ်းတယ်--
ဆောင်းပန်းပွင့်တွေမြင်တိုင်း မင်းကိုလွမ်းတယ်--
ဆောင်းကုန်လို့ နွေဦးရောက်တိုင်း မင်းကိုလွမ်းတယ်--
နွေဦး အင်ကြင်းပန်းမြင်တိုင်း မင်းကိုလွမ်းတယ်--
နွေလမှာ အသဲကြွေသလို--နွေလရောက်တိုင်း မင်းကိုလွမ်းတယ်--
ငါလေ---အလွမ်းဓါတ်ခံရှိလို့လားမသိဘူး--
အရာရာကို မြင်တိုင်း မင်းကိုလွမ်းတယ်--
မင်းကို လွမ်းရင်း---လွမ်းရင်း--နဲ့
နောက်ဆုံးမှာ--ငါသေသွားနိုင်တယ်--
ဒါပေမဲ့---ငါလွမ်းနေတာကို မင်းမသိ
မင်းတော့ တစ်ယောက်ယောက်နဲ့ညှိလို့ --
ပျော်နေမှန်း ငါသိလိုက်ရတဲ့ အချိန်မှာ
ငါ့စိတ်တွေ ကယောင်ချောက်ခြားလို့--
ငါ့အတွက် ပျော်စရာ မရှိတော့ဘူးလား ?
လောကကြီး အပြင်ဘက်ကို ထွက်သွားချင်တယ်--
မင်းနဲ့ အဝေးဆုံးကိုပေါ့--
ခွန်အင်အား(တာချီလိတ်)
နောင်ခမ်းအောင်ဆုပန်ပရဟိတကျောင်း
Thursday, September 6, 2012
ချစ်သူရဲ့ လိပ်စာ--
ချစ်သူ--address
ချစ်သူရဲ့ ချစ် လိပ်စာက
တကယ်တော့ ရှာရတာ မခက်ပါဘူး--
'' သူငယ်ချင်း ''ဆိုသူကို မိတ်ဆက်
၅၂၈ မေတ္တာနဲ့ ဆက်သွယ်
၅၂၈ လမ်းသွယ် ကြားက အိမ်နံပါတ် ၁၅၀၀
အဖြူရောင် ရပ်ကွက်
ချစ်သူနန်းတော်
အချစ်မြို့
တူနှစ်ကိုယ်တိုင်းပြည်။
ထိုနည်း အတိုင်းသာ ရှာလိုက်ရင်--
ရက်မကူးပဲ--အချစ်မိုးတွေ
အနမ်းပွင့်လေးတွေ--
ဝေဆာနေမယ်--ချစ်သူ--
ခွန်ဗိုထီ(သရက်ပင်လှ)
၇ ၊ ၉၊ ၂၀၁၂
ချစ်သူရဲ့ ချစ် လိပ်စာက
တကယ်တော့ ရှာရတာ မခက်ပါဘူး--
'' သူငယ်ချင်း ''ဆိုသူကို မိတ်ဆက်
၅၂၈ မေတ္တာနဲ့ ဆက်သွယ်
၅၂၈ လမ်းသွယ် ကြားက အိမ်နံပါတ် ၁၅၀၀
အဖြူရောင် ရပ်ကွက်
ချစ်သူနန်းတော်
အချစ်မြို့
တူနှစ်ကိုယ်တိုင်းပြည်။
ထိုနည်း အတိုင်းသာ ရှာလိုက်ရင်--
ရက်မကူးပဲ--အချစ်မိုးတွေ
အနမ်းပွင့်လေးတွေ--
ဝေဆာနေမယ်--ချစ်သူ--
ခွန်ဗိုထီ(သရက်ပင်လှ)
၇ ၊ ၉၊ ၂၀၁၂
အရိပ်စစ်
အရိပ်စစ်--(မိဘအရိပ်)
နေပူထဲမှာမှာ အရိပ်ရှာ---
-ငြိမ်းချမ်းလှပေတာ
အရိပ်မပါနေပူ၏--
သမီးတွေးကြည့် ၊ သားတွေးကြည့်--။
သားသားမီးမီး အရိပ်ရှာ--
-မိရိပ်ဖရိပ်ပါ
ထိုအရိပ်ဟာ အေးချမ်း၏။
သမီးပျော်၏၊ သားပျော်၏။
ခွန်ဗိုထီ( တာချီလိတ်)
၇၊၉၊၂၀၁၂
နေပူထဲမှာမှာ အရိပ်ရှာ---
-ငြိမ်းချမ်းလှပေတာ
အရိပ်မပါနေပူ၏--
သမီးတွေးကြည့် ၊ သားတွေးကြည့်--။
သားသားမီးမီး အရိပ်ရှာ--
-မိရိပ်ဖရိပ်ပါ
ထိုအရိပ်ဟာ အေးချမ်း၏။
သမီးပျော်၏၊ သားပျော်၏။
ခွန်ဗိုထီ( တာချီလိတ်)
၇၊၉၊၂၀၁၂
အရှိကို အရှိတိုင်း နေပါရစေ--
သူငယ်ချင်း---
ငါ့ကို မထေရ်ကြီးလို့ မခေါ်ပါနဲ့ --
-မထေရ်ကြီးအဖြစ် ဟန်ဆောင်ရတာ မောတယ်---
ငါ့ကို ပညာတတ်လို့ မခေါ်ပါနဲ့--
-ပညာတတ်အဖြစ် ဟန်ဆောင်ရတာ မောတယ်--
ငါ့ကို သူဌေးသားလို့ မခေါ်ပါနဲ့--
- သူဌေးသားအဖြစ် ဟန်ဆောင်ရတာမောတယ်--
ငါ့ကို အလှဘုရင်လို့ မခေါ်ပါနဲ့--
-အလှဘုရင်အဖြစ် ဟန်ဆောင်ရတာမောတယ်--
ငါ့ကို ဆရာကြီးလို့ မခေါ်ပါနဲ့---
-ဆရာကြီးအဖြစ် ဟန်ဆောင်ရတာမောတယ်--
ငါ့ကို အပြုံးပိုင်ရှင်လို့ မခေါ်လိုက်ပါနဲ့--
-အပြုံးပိုင်ရှင်အဖြစ် ဟန်ဆောင်ရတာ မောတယ်--
င့ါကို အမြော်အမြင်ကြီးတယ်လို့ မခေါ်လိုက်ပါနဲ့--
-အမြော်အမြင်ကြီးတဲ့လူအဖြစ် ဟန်ဆောင်ရတာ မောတယ်--
ငါ့ကို အချစ်မရှိဘူးလို့ မခေါ်လိုက်ပါနဲ့--
-အချစ်မရှိတဲ့လူ အဖြစ် ဟန်ဆောင်ရတာ မောတယ်--
ငါ့ကို မသေနိုင်တဲ့ ပုဂ္ဂိုလ်လို့ မခေါ်လိုက်ပါနဲ့--
-မသေနိုင်တဲ့ ပုဂ္ဂိုလ်အဖြစ် ဟန်ဆောင်ရတာ မောတယ်--
ငါ့ကို အရာရာမှာ ပြီးပြည့်စုံတဲ့ လူလို့ မခေါ်လိုက်ပါနဲ့--
-အရာရာ ပြီးပြည့်စုံတဲ့ လူအဖြစ် ဟန်ဆောင်ရတာ ---မောလွန်းလှတယ်--။
တကယ်ပါ--မောတယ်--မောတယ်---မောတယ်--
စာရေးဆရာလို့ ခေါ်နေကြလို့ စာရေးရင်းမောသွားတယ်--
ဟိဟိ--
(ခွန်ဗိုထီ---တာချီလိတ်)
၇၊၉၊၂၀၁၂
Wednesday, September 5, 2012
နင်ကြောင့်ပါ--
နင်သိရဲ့လား---?
- ငါစိတ်မကောင်း ၀မ်းနည်းတဲ့ အချိန်တွေမှာ
- ငါစိတ်ဆိုး စိတ်တိုနေတဲ့ အချိန်မှာ
- ငါ့ဒေါသကို ဖျောင်းဖျပေးနိုင်တာ---နင်ပါ။
- ငါပျော်ရွှင်နေတဲ့ အချိန်မှာ
- ငါပျော်ရွှင်မှုတွေကို မျှဝေခံစားစေချင်တာ--နင်ပါ။
- ငါဖျားနာနေတဲ့ အချိန်တွေမှာ
- ငါ့ကို စောင့်ရှောက်ပေးမယ့်သူ ဖြစ်စေချင်တာ--နင်ပါ။
- ငါစိတ်ကူးယဉ်နေတဲ့ အချိန်တွေမှာ
- ငါ့စိတ်ကူးထဲ လွမ်းမိုးနေတာ--နင်ပါ။
- ငါ့ဘ၀ရဲ့ နောင်အနာဂတ်အချိန်တွေမှာ
- ငါ့ငါ့အနား အချိန်ပြည့် ရှိနေစေချင်တာ ---နင်ပါ။
စွန်ကလေး----
စွန်ကလေးက ကောင်းကင်ထဲမှာ ၀ဲပျံ--
တိမ်လွှာတွေ အောက်မှာကျန်--
နေမင်းကြီးကို နှုတ်ဆက်
ငှက်ကလေးတွေနဲ့ ပေါင်းဖက်
ငါသည်သာ အလှဆုံး--
ငါသည်သာ အမြင့်ဆုံး--
အော်---ဒါပေမဲ့လဲ
ငါ့ကို အမြဲတမ်း တွန်းကန် ဆန့်ကျင်နေတဲ့ ''လေ''
ငါ့ကို ကြည့်ရှု စောင့်ရှောက်နေတဲ့--
မြေပြင်ပေါ်က ငါ့ရဲ့ ''အရှင်သခင်'' သာ
မရှိခဲ့ရင်--
ငါဘယ်လိုလုပ် ဒီနေရာ ရောက်နိုင်မှာလဲ--
''ကျွန်တော့မှာ ရှိခဲ့တဲ့ ပြသ်သနာများ
ကျွန်တော့မှာ ရှိခဲ့တဲ့ မိဘ ဆရာသမားများ အားလုံး--''
ကျွန်တော် ဘယ်နေရာ ရောက်ရောက်
ဘယ်နေရာသွားသွား အမြဲတမ်း သတိရနေမှာပါ--
kbtmmk@gmail.com(တာချီလိတ်)
တိမ်လွှာတွေ အောက်မှာကျန်--
နေမင်းကြီးကို နှုတ်ဆက်
ငှက်ကလေးတွေနဲ့ ပေါင်းဖက်
ငါသည်သာ အလှဆုံး--
ငါသည်သာ အမြင့်ဆုံး--
အော်---ဒါပေမဲ့လဲ
ငါ့ကို အမြဲတမ်း တွန်းကန် ဆန့်ကျင်နေတဲ့ ''လေ''
ငါ့ကို ကြည့်ရှု စောင့်ရှောက်နေတဲ့--
မြေပြင်ပေါ်က ငါ့ရဲ့ ''အရှင်သခင်'' သာ
မရှိခဲ့ရင်--
ငါဘယ်လိုလုပ် ဒီနေရာ ရောက်နိုင်မှာလဲ--
''ကျွန်တော့မှာ ရှိခဲ့တဲ့ ပြသ်သနာများ
ကျွန်တော့မှာ ရှိခဲ့တဲ့ မိဘ ဆရာသမားများ အားလုံး--''
ကျွန်တော် ဘယ်နေရာ ရောက်ရောက်
ဘယ်နေရာသွားသွား အမြဲတမ်း သတိရနေမှာပါ--
kbtmmk@gmail.com(တာချီလိတ်)
Subscribe to:
Posts (Atom)