စွန်ကလေးက ကောင်းကင်ထဲမှာ ၀ဲပျံ--
တိမ်လွှာတွေ အောက်မှာကျန်--
နေမင်းကြီးကို နှုတ်ဆက်
ငှက်ကလေးတွေနဲ့ ပေါင်းဖက်
ငါသည်သာ အလှဆုံး--
ငါသည်သာ အမြင့်ဆုံး--
အော်---ဒါပေမဲ့လဲ
ငါ့ကို အမြဲတမ်း တွန်းကန် ဆန့်ကျင်နေတဲ့ ''လေ''
ငါ့ကို ကြည့်ရှု စောင့်ရှောက်နေတဲ့--
မြေပြင်ပေါ်က ငါ့ရဲ့ ''အရှင်သခင်'' သာ
မရှိခဲ့ရင်--
ငါဘယ်လိုလုပ် ဒီနေရာ ရောက်နိုင်မှာလဲ--
''ကျွန်တော့မှာ ရှိခဲ့တဲ့ ပြသ်သနာများ
ကျွန်တော့မှာ ရှိခဲ့တဲ့ မိဘ ဆရာသမားများ အားလုံး--''
ကျွန်တော် ဘယ်နေရာ ရောက်ရောက်
ဘယ်နေရာသွားသွား အမြဲတမ်း သတိရနေမှာပါ--
kbtmmk@gmail.com(တာချီလိတ်)
အားပေးတယ် သူငယ်ချင်း---
ReplyDelete